ညွှတ်ကျသွားတဲ့ ဦးခေါင်းမှာ
မျှော်လင့်ချက်နဲ့ မဆန့် ဘူး
အလံဖြူစိုက်ထားတဲ့ ရင်ဘတ်မှာ
တောမီးတွေ မငြိမ်းသေးဘူး။
ရှုခင်းဟာ
ရွက်ကြွေတွေနဲ့ အပြည့်။
ပိတောက်ပင်လမ်းထိပ်မှာ
ပိတောက်ပင်ကြီးမရှိတော့ဘူး။
မီးပွိုင့်မှာလည်း
အသက်မရှိတော့ဘူး။
ရှုခင်းဟာ
ရွက်ကြွေတွေနဲ့ အပြည့်။
လေညင်းကို လိုလားခဲ့သူ
ဆူးတောကို ဖြတ်ခဲ့ပေမဲ့
ဘယ်သူ့ ကိုမှ မစူးရက်
ပန်းခင်းကို ဖြတ်ခဲ့တော့
အားလုံးကို မွှေးမြစေခဲ့တယ်။
ရှုခင်းဟာ
ရွက်ကြွေတွေနဲ့ အပြည့်။
အရိပ်လေးကို ထားခဲ့တယ်။
ပြားချပ်နေပေမဲ့
ဘယ်သူ့ အနင်းမှ မခံခဲ့။
ရှုခင်းဟာ
ရွက်ကြွေတွေနဲ့ အပြည့်။
သူ့ အကြောင်းတွေးတိုင်း
ကဗျာဟာ အဆုံးမရှိဘူး။
သူ့ ရနံ့ ကလည်း
ဗာဒံပင်လေးလိုပဲ
ဖွဲ့ နွဲ့ လို့ မကုန်နိုင်ဘူး။။
ရှုခင်းဟာ
ရွက်ကြွေတွေနဲ့ အပြည့်။
ရွက်ကြွေဟာ
ရှုခင်းတွေနဲ့ ပြည့်နေဆဲ
စက်တင်ဘာဟာ တဖွဲဖွဲကြွေနေဆဲ။
ရှုခင်းဟာ ရွက်ကြွေတွေနဲ့ အပြည့် ။ ။
0 comments: