အမေ
အားအင်အပြည့်နဲ့ ဘ၀ကိုအရှုံးမပေးဘဲ
ရင်ဆိုင်ခဲ့တယ် ဒီအကြောင်းတွေကို
တွေးမိလေလေ သားမှာတော့
ငိုရလေလေပါ....... အမေ
အမေပြောနေကျ စကားလေဟာ
အခုချိန်ထိ သားနှလုံးသားမှာ
နှလုံးခုန်လိုက်တိုင်း ရွတ်ပြနေတယ်အမေ
ငါ့ရဲ့သားသ္မီးတွေကို သူများသားသ္မီးထက်
မသာရင်တောင် တန်းတူဝတ်နိုင်
စားနိုင်စေရမယ်တဲ့ အပြောနဲ့အလုပ်ကို
လက်တွေ့ပြသခဲ့တယ်နော်.....
အမေဟာ
လယ်တောတခွင်မှာ ကောင်းကင်ကို
ကျောပေးပြီး နေမင်းကို
အန်တုပြီး ကောက်စိုက်နေတဲ့
ကျွန်တော့အမေပါ ကောက်စိုက်ကအပြန်
မောလိုမောမှန်မသိ ငါ့ရဲ့သားသ္မီးတွေ
ဆာရှာမှာဘဲဟု တွေးကာ
တကုတ်ကုတ်နဲ့ ချက်ပြုတ်နေတဲ့
အမေပါဗျာ......























0 comments: