ဘာမှမပိုင်တဲ့ ကျွန်တော့ ဘဝကြီးထဲမှာ
လျို့ဝှက်သေတ္တာလေး တစ်လုံးတော့ ပိုင်တယ်။
အထဲမှာ မြတ်နိုးမှုတွေရှိတယ် ဖွင့်ပြဖို့တော့ မရည်ရွယ်ဘူး
အရာအားလုံး လွင့်ပြယ်သွားမှာစိုးတယ်။
သော့ခတ်ပြီးတော့လဲ မသိမ်းချင်ဘူး
မွန်းကြပ်လွန်းပြီး ဘဝ အဓိပ္ပါယ် ပျောက်သွားလိမ့်မယ်။
ဘာမှ မဆိုင်တဲ့ ကျွန်တော့ အနာဂတ်ထဲမှာ
လျို့ဝှက်ကြယ်လေး တစ်လုံး ရှိတယ်။
တခါတခါ တမ်းတမိတိုင်း
အဲဒီ ကြယ်လေးကို ရင်ဖွင့်မိတယ်။
သူမကြားပေမယ့် ငါကြားတယ်
အသံတွေတောင် ကွဲအက်လို့။
နာရီသံကတော့ တချက်ချက် မှန်မှန်ပါပဲ
သတိရမိတဲ့ အတွေးတွေကိုတော့ ခပ်တင်းတင်း ဆွဲစေ့လိုက်တယ်
၁၅ မိနစ်အတွင်း ငြင်းဆန်ဖို့လေ။
၁မိနစ် ......,
၂မိနစ် ......,
၃မိနစ် ......,
၎မိနစ် ......,
၅မိနစ် ......,
၆မိနစ် ......,
၇မိနစ် ......,
၈မိနစ် ......,
၉မိနစ် ......,
၁၀မိနစ် ....,
၁၁မိနစ် ....,
၁၂မိနစ် ....,
၁၃မိနစ် ....,
၁၄မိနစ် ....,
၁၅မိနစ် ..............................
မိနစ်တံလေး ၁၅ချက်ပြေးသွားတယ်
အရာအားလုံးက ရှိမြဲအတိုင်းပါပဲ။
ကျွန်တော်ကတော့ ကောင်းကင်ပြာကြီးကို ငေးလျက် ...
ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို လွမ်းမယ်
မလွမ်းနဲ့လို့တော့ မတားပါနဲ့။
အလွမ်းဆိုတာကို ဘယ်သူပိုင်လို့လဲ
အလွမ်းဆိုတာကို လွမ်းနေသူသာပိုင်ပါတယ်။























ငါသူငယ်ချင်းဒီကဗျာပိုင်ရှင် ကငါ
ReplyDeleteမင်းကဗျာမဟုတ်ဘူး
ကဗျာသမား အစစ်ဆိုရင်
ကဗျာရေးထာတဲ့ပိုင်ရှင်အစစ်ရဲ့ကလောင်းကု
အောက်ဆုံးမှာရေးထာရတယ်
copyလုပ်တာကိုမပြောလိုပါဘူး
ဒါပေမယ့်မင်းရေးထာတဲ့ပုံစံမျိုးလုပ်တာမကောင်းပါဘူး