ဟေမာန်...အစ ၊ နွေတမာန်ကကြို
ကြွေပြန်ခဲ့ရ...
စေတမာန် ...လေ ၊သူမွှေခဲ့လို့
နွေ အကြို ရွှေဥသြမရောက်ခင်
လွမ်းပင်ထက်မှာ
လွမ်းပွင့်ဝေ...။ ။
မြူမှုန်နှင်းပျ
ကျောင်းဝင်ဝမှာ
လင်းအားမပိုခင်...စိုစေခဲ့လို့
ကောင်းသတင်းမပြေတဲ့
တက္ကသိုလ်မြေ...ရေတမာတန်း
အဓိပတိလမ်းမှာ
အလွမ်းတွေနဲ့အတူ
မပြင်းကြွေတဲ့...
နှင်းတွေဝေ.....။ ။























0 comments: