ချမ်းအေးကြည်လင်တဲ့
ဘယ်လိုပင် တောက်ပ တောက်ပ
- ငါ့ရင်ထဲက မင်းကလေးရဲ့
- မျက်ဝန်းကိုတော့ ဘယ်မှီနိုင်ပါ့
- ချမ်းအေးကြည်လင်တဲ့ ညကလေးမှာ
- ကောင်းကင်ပေါ်က လမင်းလေး
- ဘယ်လိုပင် လှပ လှပ
- ငါ့ရင်ထဲက မင်းကလေးရဲ့
- အလှတရားကိုတော့ ဘယ်မှီနိုင်ပါ့
- နန်းထိုက်ရယ်တဲ့တော်ဝင် မြတ်ပန်းသဇင်က
- ဘယ်လိုပင် တင့်တယ် တင့်တယ်
- ငါ့ရင်ထဲက မင်းကလေးရဲ့
- မဟာဆန်တဲ့ တင့်တယ်မှူကို ဘယ်မှီနိုင်ပါ့
- စံပယ်ကလေးက သင်းထုံလှိုင်ကာ
- ဘယ်လိုပင် မွေးကြိုင် မွေးကြိုင်
- ငါ့ရင်ထဲက မင်းကလေးရဲ့
- သင်းပျံ့ ထုံးမွေးတဲ့
- ကိုယ်သင်းရနံ့ ကိုတော့ ဘယ်မှီနိုင်ပါ့
- ပုရိသယောင်္ကျား မင်းမြတ်တွေ မင်းကလေးကို
- ဘယ်လိုပင် ချစ်တယ် ပြောပြော
- ငါ့ရင်ထဲက မင်းကလေးကို
- ချစ်တဲ့ အချစ်ကို ဘယ်မှီနိုင်ပါ့
- ကောင်မလေးရယ်























0 comments: